Print

ဝက်ခြံကင်းသော အလှပိုင်ရှင်များဖြစ်ဖို႔အတွက် ဆောင်ရန်ရှောင်ရန်

  14-Apr-2017
Preview Image

ဝက်ခြံကင်းသော အလှပိုင်ရှင်များဖြစ်ဖို႔အတွက်ဆောင်ရန်ရှောင်ရန်လေးများတင်ပြပေးလိုက်ပါတယ်ရှင်


- ဝက်ခြံကိုင်ခြင်း၊ညှစ်ခြင်းမျိုးမလုပ်ပါနှင့်။လက်ဖြင့် မကြာခဏကိုင်ခြင်းက ဝက်ခြံရှိ ဘက်တီးရီးယားများကို ပြန် ့ပွားစေနိုင်ရုံမက အနာရွတ်ထင်ကျန်စေနိုင်ခဲ့လို ့ပါ။

- ဝက်ခြံအရောင်ကျစေရန် နာရီဝက်တစ်ကြိမ် ရေခဲအုံပေးပါ။ဝက်ခြံဖုပေါ်ရေခဲတုံးကို နှစ်မိနစ်ကြာကပ်ထားခြင်းဖြင့် နာကျင်မှုကို သက်သာစေကာဝက်ခြံကိုလည်း အရောင်ကျစေနိုင်ပါတယ်။ဒါ့အပြင် Make-up Concealer အနည်းငယ်ကိုလည်း ဝက်ခြံဖုအပေါ် လိမ်းပေးထားပါက အရောင်မြန်မြန်ကျစေရန် ကူညီပေးနိုင်ပါသည်။

- ဒါ့အပြင် Aspirin ဆေးပြားများကို အမှုန် ့ကြိတ် ရေအနည်းငယ်နှင့်ဖျော်၍ ဝက်ခြံကို သုတ်လိမ်းပေးထားပါ။

- Visine အမည်ရှိ မျက်စဉ်း နှစ်စက်၊သုံးစက်ခန် ့ကိုလည်း ဝက်ခြံပေါ်လိမ်းပေးနိုင်ပါသည် ။

- ဝက်ခြံ အရောင်အမြန်ကျစေတဲ့နောက်ထပ် နည်းလမ်းတစ်ခုကတော့ သွားတိုက်ဆေးကိုညအိမ်ရာမဝင်ခင်ဝက်ခြံပေါ်ခပ်ထူထူလေး လိမ်းပေးနိုင်ပါသည်။

- ၀ါဂွမ်းစတစ်ခုကို သံပရာရည်ထဲ နှစ်စိမ်၍ ၄င်းဝါဂွမ်းစဖြင့် ဝက်ခြံပေါ်ငါးမိနစ်ကြာတင်ထားပေးပါကလည်း ဝက်ခြံရောင်ပြီး နီရဲနေခြင်းကို လျင်မြန်စွာသက်သာစေနိုင်ပါသည်။

- အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကိုလည်း အမှုန် ့ကြိတ်၍ အရက်အနည်းငယ်နှင့် ဖျော်၍ ဝက်ခြံပေါ် နှစ်နာရီကြာလိမ်းထားပေးပါ။

- ကျန်တဲ့အချက်ကတော့ အရေပြားတွင် ကပ်နေနိုင်သည့် ဖုန်၊အညစ်အကြေး၊ Make-up၊အဆီများနှင့် ဆဲလ်အသေများကို ဖယ်ရှားပစ်နိုင်ရန် တစ်နေလျှင် နှစ်ကြိမ် ၊သုံးကြိမ်ခန့်မျက်နှာကို ဆေးကြောသန် ့စင်ပေးပါ။အကယ်၍သင်သည် ဝက်ခြံပျောက်စေတဲ့ ( ဥပမာ -Benzoyle Peroxide) ပါဝင်သော လိမ်းဆေးကို အသုံးပြုနေပါက Moisturizer ကိုပါမဖြစ်မနေ တွဲဖက်၍ အသုံးပြုပေးပါလို ့ အကြံပြုပါရစေ။


Written By Dr.Thiha (7887 Healthcare Call Center)

Reference From Health for All Megazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18